Skip to content

15/12/2020 News

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တိုတယ်အီးအန်ပီမြန်မာကို ဆုတံဆိပ် (၅) ခု ဂုဏ်ပြုချီးမြှင့်

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ နှစ်ပတ်လည်အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းများနှင့်အညီ ၁၃ ဒီဇင်ဘာ ၂၀၂၀ က နေပြည်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်၊ ဌာနဆိုင်ရာ အရာရှိများ၊ ကုမ္ပဏီအသီးသီးမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စွမ်းဆောင်ရည်ထူးချွန်သော ဝန်ထမ်းများ၊ မြို့နယ်များနှင့် ကုမ္ပဏီများကို ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

တိုတယ်အီးအန်ပီမြန်မာ၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်ရည် ရလဒ်များအတွက် အောက်ပါ ဂုဏ်ပြု ဆုတံဆိပ် (၅) ခုကို လက်ခံရရှိခဲ့ပါသည်။

  • Appreciation for the Best HSE Practice;
  • Appreciation for Highest Recruitment of National Staff;
  • Appreciation for Continuous Production and Sustainable Distribution of Gas;
  • Appreciation for the Best Income from Oil and Gas Sector; နှင့်
  • Appreciation for Discovery of Gas in Myanmar Offshore Blocks A6.

အဆိုပါ ဆုများကို တိုတယ်အီးအန်ပီမြန်မာကိုယ်စား စီမံကိန်းနှင့် နည်းပညာ ပံ့ပိုးမှု မန်နေဂျာ ဦးစိုးသောင်းမြင့်က အွန်လိုင်းမှတစ်ဆင့် လက်ခံရယူခဲ့ပါသည်။

  • Ministry of Electricity and Energy organized an event to mark its anniversary at the ministry (to be translated into MM)

  • U Soe Thaung Myint, Operations, Project and Technical Support Manager accepted these awards virtually on behalf of Total E&P Myanmar (to be translated into MM)

  • U Soe Thaung Myint, Operations, Project and Technical Support Manager of Total E&P Myanmar (to be translated into MM)

  • Total E&P Myanmar was honoured with (5) appreciation awards (to be translated into MM)

  • Appreciation for Discovery of Gas in Myanmar Offshore Blocks A6 - Total E&P Myanmar

  • Appreciation for the Best HSE Practice - Total E&P Myanmar

  • Appreciation for Highest Recruitment of National Staff - Total E&P Myanmar

  • Appreciation for Continuous production and Sustainable Distribution of Gas - Total E&P Myanmar

  • Appreciation for the Best income from Oil and Gas Sector - Total E&P Myanmar