17/12/2020 News
အမေရိကန်ဒေါ်လာ ၃၀,၇၄၀ တန်ဖိုးရှိ အသက်ရှုစက်တစ်လုံးကို ထားဝယ်ဆေးရုံကြီးသို့ ရတနာစီမံကိန်းက လှူဒါန်းခဲ့
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်လာသည့်အလျောက် ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများအပေါ် သက်ရောက်မှုများလည်း ရှိလာပါသည်။
တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွားမှုကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ရတနာစီမံကိန်းသည် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကုသရေးဗဟိုဌာနဖြစ်သည့် ထားဝယ်ဆေးရုံကြီးသို့ အထူးကြပ်မတ်ကုသဆောင်သုံး အသက်ရှုစက် တစ်ဆင်စာကို လှူဒါန်းပေးခဲ့ပါသည်။
ထားဝယ်ဆေးရုံကြီး၏ ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် အသက်ရှုစက် အသုံးပြုနည်းကိုလည်း ၁၄ ဒီဇင်ဘာ ၂၀၂၀ က သရုပ်ပြပေးခဲ့ပါသည်။
ရတနာစီမံကိန်း၏ လှူဒါန်းမှုအတွက် ထားဝယ်ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးရုံးက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
-
Certificate of Recognition to Yadana Project operated by Total E&P Myanmar
-
Demonstration of ventilator for medical professional at Dawei General Hospital
-
Demonstration of ventilator for medical professional at Dawei General Hospital
-
Donation of ventilator worth USD 30,740 to Dawei General Hospital