Skip to content

10/11/2020 News

အမေရိကန်ဒေါ်လာ ၃၁,၅၀၀ တန်ဖိုးရှိ အသက်ရှုစက်များကို ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီသို့ ရတနာစီမံကိန်းက လှူဒါန်းခဲ့

စက်တင်ဘာလလယ်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအတွင်း ရန်ကုန်တွင် ကူးစက်မှုများ တိုးလာသည်နှင့် အမျှ အရေးကြီးသော အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။

ရန်ကုန်လူထုနှင့် တစ်သားတည်း ရပ်တည်ရန် အလို့ငှာ ရတနာစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီသို့ အမေရိကန်ဒေါ်လာ ၃၁,၅၀၀ တန်ဖိုးရှိ အထူးကြပ်မတ်ကုသဆောင်သုံး အသက်ရှုစက် (၂) လုံးကို ၈ အောက်တိုဘာ ၂၀၂၀ က လှူဒါန်းပေးခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက အသက်ရှုစက်များကို လက်ခံရယူခဲ့ပြီး တိုတယ်အီးအန်ပီမြန်မာမှ ဦးဆောင်လုပ်ကိုင်သော ရတနာစီမံကိန်း၏ လှူဒါန်းမှုအတွက် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

အထူးကြပ်မတ်ကုသဆောင် ကျန်းမာရေးဝန်ထမ်းများအတွက် လိုအပ်သည့် အသက်ရှုစက် အသုံးပြုနည်းကို သရုပ်ပြပေးပြီးနောက် အသက်ရှုစက်များကို ရန်ကုန်ဆေးရုံကြီး မေ့ဆေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

  • Certificate of Recognition to Yadana Project operated by Total E&P Myanmar

  • Donation of (2) Ventilators worth USD 31,500 to Emergency Unit of Yangon General Hospital as COVID-19 Support

  • Demonstration of Ventilators for Medical Professionals at Yangon General Hospital

  • Certificate of Recognition to Yadana Project operated by Total E&P Myanmar