Skip to content

၂၀၂၀ ခုနှစ်အလွန်တွင် ထိုင်းနှင့်မြန်မာနိုင်ငံထံသို့ စွမ်းအင်ဆက်လက် ထောက်ပံ့သွားရန်

အဓိကကျလှသောဓာတ်ငွေ့သိုက်မှ ထုတ်လုပ်မှုကျဆင်းလာခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် ကျွန်ုပ်တို့၏စီမံကိန်းအဖွဲ့သည် ကမ်းလွန်ထုတ်လုပ်ရေး အဆောက်အအုံမှ စက်ကိရိယာများကို ထပ်မံတိုးချဲ့တပ်ဆင်ရန် လုပ်ဆောင်နေကြပါသည်။ ဤစီမံကိန်းပြီးဆုံးပါက ကျွန်ုပ်တို့ထံမှ ဝယ်ယူအားပေးနေသူများ၏ နောက်လာမည့် အနာဂတ် စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး ထိုနေရာရှိ ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်အောင်လည်း ကူညီနိုင်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်ရန် စက်ကိရိယာအသစ်များ

ကျွန်ုပ်တို့၏ ကမ်းလွန်ပလက်ဖောင်းမှ တူးဖော်ထုတ်လုပ်သော သဘာဝဓာတ်ငွေ့သည် မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့လိုအပ်ချက် ထက်ဝက်ကို ဖြည့်ဆည်းပေးပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ ဓာတ်ငွေ့သုံးစွဲမှု၏ ၁၂% ခန့်ကို ဖြည့်ဆည်းပေးနေပါသည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက်မှာ ပိုမိုများပြားလာပါသည်။ သို့ရာတွင် (၁၉၉၈) ခုနှစ်မှ စတင်၍ ထုတ်လုပ်ခဲ့ကြသည့် ဓာတ်ငွေ့သိုက်မှာ ထုတ်လုပ်မှု အကျပိုင်းသို့ ဦးတည်လာနေခဲ့ပေသည်။

တူးဖော်ရေးလုပ်ကွက်၏ အကောင်အထည်ဖော်ဆောင်ရွက်သူအနေဖြင့် ဓာတ်ငွေ့သိုက်၏ ထုတ်လုပ်မှုကျဆင်းခြင်းကို ဖြေရှင်းနိုင်ရန် တိုတယ်အန်နာဂျီ(စ်)သည် အာရှတစ်ဝှမ်းရှိ အဖွဲ့များ၏ အားပေးကူညီမှုဖြင့်   ရှေ့ပြေးစီမံကိန်းအနေနှင့် ပတ္တမြားစီမံကိန်း (ဒေါ်လာသန်း ၇၅၀) ကို ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သည်။ လက်ရှိထုတ်လုပ်မှုကို ၂၀၂၀ အလွန်ကာလအထိ ဆက်လက်ထိန်းထားခြင်းဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဆက်လက်ထောက်ပံ့သွားနိုင်မည် ဖြစ်သည်။

 

မုတ်သုန်ရာသီနှင့်အပြိုင်

ပင်လယ်ကမ်းလွန်တွင် လုပ်ငန်းဆောင်ရွက်ရန်မှာ မေလလယ်မှ အောက်တိုဘာလလယ်အတွင်း ကျရောက်သည့် မုတ်သုန်ရာသီအလွန်မှသာ  သင့်လျော်ပေသည်သို့ဖြစ်၍ အချိန်တိုအတွင်း အချိတ်အဆက်မိမိ အကောင်အထည်ဖော်ခြင်းသည်သာလျှင် ကမ်းလွန်စီမံချက်နှစ်ခုကို အချိန်မှီ ပြီးမြောက်စေနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။  ပထမအဆင့်မှာ တူးဖော်မှုအတွက် အဆင်သင့်ဖြစ်စေရန် တွင်းထိပ်ပိုင်း ပလက်ဖောင်း (wellhead platform) တစ်ခုတပ်ဆင်ခြင်းဖြစ်သည်။ ဒုတိယအဆင့်ကမူ ဓာတ်ငွေ့ဖိအားပေး စက်အသစ်များကို စတင်အသုံးပြုနိုင်မည့် အဆင်သင့်အနေအထားတွင် တပ်ဆင်ထားရှိရန်ဖြစ်သည်။

အာရှတစ်ခွင်သို့ ဖြန့်ကျက်စေလွှတ်ထားသည့် စီမံကိန်းအဖွဲ့သည် တောင်ကိုရီးယားမှ သယ်ဆောင်လာသော ပတ္တမြားစီမံကိန်းအတွက် အဆောက်အဦးများကို ၂၀၁၆ ဧပြီတွင် အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။ ၎င်းသည် နိုဝင်ဘာ ၂၀၁၆ တွင် စတင် တူးဖော်မည့် အစီအစဉ်အတွက် ကနဦးလိုအပ်ချက် ဖြစ်ပါသည်။ Hyundai အကြီးစားစက်မှုဥယျာဥ်များမှ အချိန်မီ ပေးပို့လာခဲ့သည့် ဖိအားနည်း low compression platform ထိပ်ပိုင်းများကိုလည်း Sapura Acergy က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ/၂၀၁၇ ခုနှစ် အစောပိုင်း ကာလတွင် တပ်ဆင်ပြီးစီးခဲ့သည်။ ထိုကာလအတွင်း စိန်ခေါ်မှုမှာ အဆိုပါစီမံကိန်းကို ဘေးအန္တရာယ်ကင်းစွာ လက်စသတ်နိုင်ရန်နှင့် လာမည့် မုတ်သုန်ရာသီမတိုင်မီ၂၀၁၇ ဧပြီလတွင် ထုတ်လုပ်မှုကို စတင်နိုင်ရန်ပင် ဖြစ်သည်။

 

LCP ပတ္တမြားစီမံကိန်း ခေါင်းဆောင် Olivier Saincry နှင့် တွေ့ဆုံမေးမြန်းခြင်း

“အခုထိကတော့ အဓိကကျတဲ့ အပိုင်းတွေကို သတ်မှတ်ရက်အတိုင်း ဘေးအန္တရာယ်ကင်းကင်းနဲ့ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်လာမယ့် အရေးကြီးတဲ့အဆင့်ကတော့  စက်ကိရိယာအသစ်တွေနဲ့ အခုလက်ရှိ ရှိနှင့်ပြီးသား စက်ကိရိယာတွေကို ချိတ်ဆက်နိုင်ဖို့အတွက် ထုတ်လုပ်မှုကို ခေတ္တခဏ ရပ်နားထားဖို့ပါပဲ။  ဒီလို ထုတ်လုပ်မှု ရပ်နားဖို့ရာအတွက် ဓာတ်ငွေ့ဝယ်သူတွေနဲ့ သဘောတူညီချက်ရယူဖို့ လိုအပ်ပါတယ်။ ဓာတ်ငွေ့ပို့ဆောင်မှု ရပ်ထားရချိန်မှာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား မထုတ်နိုင်တော့ဘဲ ကသီလင်တ ဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ် ပြီးစီးသွားရင်တော့ ၂၀၂၀ခုနှစ် အလွန်ထိတိုင် စွမ်းအင်များကို သက်တမ်းပိုကြာရှည်စွာ ထုတ်လုပ်နိုင်ပြီး ကျွန်တော်တို့ရဲ့ ဝယ်သူတွေအတွက်ကိုလည်း  ပိုမိုပို့ဆောင်ဖြည့်တင်းပေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းစီမံကိန်းများ