Skip to content

ကံပေါက် LNG မှ လျှပ်စစ်ထုတ်လုပ်ရေးသို့

တိုတယ်အန်နာဂျီ(စ်)၏ ဓါတ်ငွေ့နှင့် စွမ်းအင်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သည့် TotalEnergies Gas and Power Business Services S.A.S. သည် အကျိုးတူလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ကံပေါက် သဘာဝ ဓာတ်ငွေ့ရည်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း LNG to Power စီမံကိန်းအတွက် အကောင်းဆုံးသော နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များကို မြန်မာနိုင်ငံအတွက် ပေးအပ်ရန် ရည်ရွယ်ထားပါသည်။

ဤစီမံကိန်းတွင် မြန်မာနိုင်ငံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာ၊ ကံပေါက်ရှိ ရတနာပိုက်လိုင်းစင်တာ(PLC)အနီး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံအသစ်ကို ပို့ဆောင်ဖြည့်တင်းရန်အတွက် လိုအပ်သည့် သဘာဝဓါတ်ငွေ့ရည်  (LNG) ကို ကမ်းလွန်မှ တင်သွင်းရန် ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရန်နှင့် ထိုမှတဆင့် လျှပ်စစ်စွမ်းအားများကို ပဲခူးတိုင်းဒေသကြီးသို့ ဖြန့်ဖြူးပေးမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏စီးပွားရေးသည် နှစ်စဉ် ၇ ရာခိုင်နူန်းခန့်   တိုးပွားနေပါသည်။ ပြည်သူများ၏ မျှော်မှန်းချက်များ ပြည့်ဝ နိုင်စေရေးအတွက် အဆိုပါ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနူန်းကို ထိန်းသိမ်းထားရန် လိုအပ်ပါသည်။ ထို့အတွက် များပြားလုံလောက်သော စွမ်းအင်ပမာဏရရှိရန်နှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှပ်နှံရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံ အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေး စီမံကိန်း၏ သတ်မှတ်ချက်အရ ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး ရာနူန်းပြည့် လျှပ်စစ်ဓါတ်အား ရရှိရမည် ဖြစ်သည်။

၁၉၉၂ ခုနှစ်ကတည်းက တိုတယ်အန်နာဂျီ(စ်)သည် ရတနာနှင့်ဆက်စပ် သဘာဝဓါတ်ငွေ့ရှာဖွေရေးဒေသများ၌ ဓါတ်ငွေ့တူးဖော်မှု လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံကို ကူညီပံပိုးခဲ့ပြီး ထိုမှ တိုင်းပြည်၏စုစုပေါင်း သဘာဝဓါတ်ငွေ့လိုအပ်ချက်၏ ၅၀ရာခိုင်နူန်းကို ဖြည့်တင်း ပေးခဲ့ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှု ဆက်လက်အားကောင်းရေးကို အထောက်အပံ့ဖြစ်စေမည့် မျိုးဆက်သစ်များအတွက် သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်ဓါတ်အားထောက်ပံ့မှုလိုအပ်ချက်ကို သိရှိနားလည်သောကြောင့် မြန်မာနိုင်ငံ၏ ဓါတ်ငွေ့စူးစမ်းရှာဖွေထုတ်လုပ်ရေးတွင် ကြီးမားသော ရင်းနှီးမြှပ်နှံမှုများကို တိုတယ်အန်နာဂျီ(စ်)က ဆက်လက်လုပ်ဆောင်နေပါသည်။

သိုလှောင်သယ်ယူရန် လွယ်ကူသော သဘာဝဓါတ်ငွေ့ရည် (LNG) ကို တင်ပို့ခြင်းဖြင့် အထက်တွင်ဆိုခဲ့သည့်အတိုင်း သဘာဝဓါတ်ငွေ့ထောက်ပံ့မှုကို ပံ့ပိုးကူညီရာရောက်ပါသည်။ အဆိုပါ သဘာဝဓါတ်ငွေ့ရည်ကဏ္ဍတွင် တိုတယ်အန်နာဂျီ(စ်)သည် ၁၉၇၀ ပြည့်နှစ်များကတည်းက ရှေ့ဆောင်လမ်းပြအဖြစ် ဦးဆောင်ခဲ့ပါသည်။ ထို့အပြင် တိုတယ်အန်နာဂျီ(စ်)သည် သဘာဝဓါတ်ငွေ့ရည် (LNG) ထုတ်လုပ်ရေးမှစ၍ အရည်အဖြစ်သို့ ပြောင်းလဲခြင်း၊ သင်္ဘောဖြင့် တင်ပို့ခြင်း၊ ထောက်ပံ့ခြင်း၊ အငွေ့ပြန်လည်ပြောင်းလဲခြင်းနှင့် ဈေးကွက်တင်ခြင်းအထိ (LNG) နှင့် ပက်သက်သည့် လုပ်ငန်းများအားလုံးတွင် လုပ်ကိုင်နေခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွက် ဘေးအန္တရယ်ကင်းရှင်းပြီး စီးပွားရေးအရပါအကျိုးရှိစေမည့် ဓါတ်ငွေ့ကို ဖော်ထုတ်ပေးနိုင်ပြီး ဖြန့်ချိပေးနိုင်မည် ဖြစ်သည်။

လျှပ်စစ်ဓါတ်အားစက်ရုံသို့ သဘာဝဓါတ်ငွေ့ပေးပို့ခြင်းကို ရေမျောသိုလှောင်ရေးနှင့် ငွေ့ရည်ဖျော်ခြင်းယူနစ် (FSRU) ဖြင့် ဆောင်ရွက်မည် ဖြစ်သည်။ အဆိုပါ  FSRU ကို နေရာချရန်မူ ကံပေါက် အနောက်တောင်ဘက်၊ ဟိန်းဇဲကျွန်းအရှေ့ဘက်ရှိ ရေအနက်နှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကျွန်းများ၏ အကာအကွယ်ပေးရေးများကို ထည့်သွင်းစဉ်းစားစေပြီးမှ သင့်လျော်သောနေရာတစ်ခုတွင် အခြေချရန် တည်နေရာ သတ်မှတ်စေမည် ဖြစ်သည်။

ဓါတ်ငွေ့ထုတ်လုပ်ရေးတပ်ဆင်မှုကို မီတာတိုင်းတာသည့် ကိရိယာများ၊ ဖိအားထိန်းချုပ်မှုနှင့် လျှပ်စစ်စက်ရုံနှင့် ဆက်စပ်သည့်အရာများကို ကမ်းလွန်နှင့် ကမ်းခြေရှိ ပိုက်လိုင်းများဖြင့် ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်သည်။

လောင်စာနှစ်မျိုးသုံးလျှပ်စစ်စက်ရုံ(CCPP)ကို တည်ဆောက်မည်ဖြစ်ပြီး ၁.၂၃ ဂီဂါဝပ်အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ လျှပ်စစ်ဓါတ်အားများကို ဓါတ်အားလိုင်းအသစ်ဖြစ်သော ၂၃၀ နှင့် ၅၀၀ ကီလိုဗို့အားလိုင်း အသုံးပြု၍ ပဲခူးမြို့ရှိ ဓါတ်အားလိုင်းအတိုင်း ပို့လွှတ်မည် ဖြစ်သည်။ ယင်းသို့ပို့လွှတ်နိုင်ရန် ကံပေါက်နှင့် မော်လမြိုင်ဒေသအတွင်း ဓါတ်အားလိုင်းခွဲစခန်းနှစ်ခု တည်ဆောက်မည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေနှင့် စည်းမျဉ်းများအရ အဆိုပါစီမံကိန်း အကောင်အထည် ဖော်ရာတွင်  FSRU နှင့် ဓါတ်အားပေးစက်ရုံတို့အတွက် ပတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက်မှု စိစစ်ချက်(EIAs) နှစ်ခု ပြုလုပ်ပေးရမည် ဖြစ်သည်။ ထို့အပြင် လျှပ်စစ်ဓါတ်အားလိုင်းအတွက် ပတ်ဝန်းကျင်ဆိုင်ရာစည်းကမ်းလိုက်နာမှုအသိအမှတ်ပြုလက်မှတ် (ECC) ရရှိရန်အတွက် ကနဦး ပတ်ဝန်းကျင် စစ်ဆေးမှု(IEE)ကိုလည်း ပြုလုပ်ရမည် ဖြစ်ပါသည်။ ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ် စီမံခန့်ခွဲမှု(ERM)နှင့် ပတ်ဝန်းကျင် အရည်အသွေး စီမံခန့်ခွဲမှု (EQM) တို့အတွက် ဟောင်ကောင်လိမိတက်မှ စီမံကိန်းကိုယ်စား အဆိုပါလေ့လာမှုများကို လုပ်ဆောင် နေပါသည်။ ယင်းလေ့လာမှုများတွင် (baseline) စစ်တမ်းနှင့် သက်ဆိုင်သူများ ဆက်နွယ်ထိတွေ့မှုများ ပါဝင်မည် ဖြစ်သည်။ EIAs နှင့် IEE စိစစ်ချက်များကို မြန်မာနိုင်ငံ EIA လုပ်ထုံးလုပ်နည်း(၂၀၁၅) အရ လုပ်ဆောင်မည် ဖြစ်ပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးစီမံခန့်ခွဲမှုစနစ် (ESMS) ဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ဘေးအန္တရာယ်မကင်းမှုများကို စိစစ် ဖော်ထုတ်မှုပြုလုပ်မည်ဖြစ်ပြီး ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစီမံချက် (ESMP) ကို ရေးဆွဲမည် ဖြစ်သည်။ ဤစီမံကိန်းတွင် စွန့်ပစ်မှု၊ ဓါတ်ငွေ့ထုတ်လွှတ်မှုများကြောင့် ဒေသခံလူမှုအသိုင်းအဝန်းများအပေါ် ကျန်းမာရေးဆိုင်ရာအကျိုးသက်ရောက်နိုင်မှုများကိုလည်း ထည့်သွင်း စဉ်းစားထားပါသည်။ လေထု၊ မြေမျက်နှာပြင်နှင့် မြေအောက်ရေ အရည်အသွေး၊ မြေဆီလွှာနှင့် မြေမျက်နှာသွင်ပြင်ဆိုင်ရာဇီဝမျိုးကွဲမှုများ အတွက် မူလပထမပတ်ဝန်းကျင်ဆိုင်ရာ baseline စစ်တမ်းများအဖြစ် ESIA လေ့လာမှုများကို လုပ်ဆောင်လျှက်ရှိပါသည်။ ဒေသခံလူမှုအသိုင်းအဝန်းအပေါ် သက်ရောက်မှုရှိနိုင်ရှိသော ဓါတ်ငွေ့နှင့်အစိုင်အခဲများထုတ်လွှင့်မှုကို စိစစ်တွက်ချက်ရန်အတွက် လေထုနမှုနာပုံစံထုတ်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိနေပါသည်။ ဆူညံမှုအဆင့်ကို စိစစ်ရန်အတွက်လည်း အနီးဆုံးသောဒေသမှ ထိခိုက်လွယ်မည့် အသံကို လက်ခံနေကြရမည့် သူများထံ ရောက်ရှိမည့် ဆူညံမှုနမှုနာပုံစံထုတ်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

ပြည်တွင်းစီမံကိန်းများ