Skip to content

ကျွန်ုပ်တို့၏ ကတိကဝတ်

သာလွန်ကောင်းမွန်သော စွမ်းအင်များ ဖြည့်စွမ်းပေးနိုင်ရန် ကတိကဝတ်ပြုထားသည်နှင့်အညီ တိုတယ်အန်နာဂျီ(စ်)၏ ၀န်ထမ်းပေါင်း (၉၈,၀၀၀) ကျော်သည် လုံခြုံစိတ်ချရသည့် တန်ဖိုးသင့်တင့်မျှတသော သန့်ရှင်း စွမ်းရည်မြင့် ဆန်းသစ်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှု အသစ်များကို ကမ္ဘာတစ်ဝန်းလုံးရှိ သုံးစွဲသူများထံမှောက် ဆောင်ကြဉ်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
တိုတယ်အန်နာဂျီ(စ်)သည် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးတာဝန်သိမှုကို ၎င်း၏ လုပ်ငန်း ဆောင်တာများတွင် အဓိကမူဝါဒတစ်ရပ်အဖြစ် ထည့်သွင်းထားပြီး လုပ်ငန်းဆောင်ရွက်မှုတိုင်းကို အောက်ပါ အခြေခံမူများအရ ဆောင်ရွက်ပါသည်-

  • လူပုဂ္ဂိုလ်များနှင့် အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစေခြင်း။
  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများကို ထိန်းချုပ်ကန့်သတ်ခြင်း။
  • ကျင့်ဝတ်စည်းမျဉ်းများကို သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တိုင်းတွင် အခိုင်အမာ လိုက်နာကျင့်သုံးစေခြင်း။
  • လုပ်ငန်းစဉ်များတွင် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်ချက်များကို ထည့်သွင်းထားခြင်း။
  • စီမံကိန်းနှင့် ဆက်စပ်ပတ်သက်နေသူများနှင့် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုကို ကုမ္ပဏီ မူဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်စေခြင်းဖြင့် ဒေသတွင်းလုပ်ငန်းများကို မြှင့်တင်ခြင်းနှင့် စုပေါင်းတန်ဖိုးများဖန်တီးနိုင်ရန် ရည်ရွယ်ထားရှိသော ဒေသများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ပံ့ပေးခြင်း။
  • ဝန်ထမ်းများအတွက် တန်းတူညီမျှ အခွင့်အရေးရရှိစေရန် မြှင့်တင်ပေးခြင်းအပြင် မတူကွဲပြားမှုနှင့် ယဉ်ကျေးမှု အဖုံဖုံကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ခြင်း။
     

ကျွန်ုပ်တို့၏ စီမံကိန်းများ